စိတ်ဟာ အလွန်လျင်မြန်တယ်၊ လျှပ်တစ်ပြက်၊ လက်ဖျစ်တစ်တွက်၊ မျက်စီတစ်မှိတ်ကာလအတွင်းမှာပဲ စိတ်ကုဋေတစ်သိန်းကျော် ဖြစ်သွားနိုင်တယ်လို့ အဘိဓမ္မာမှာ ဆိုထားတယ်။ ဒါကြောင့် ဘာဝနာရှုပွားနေတဲ့ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော် ဖြစ်သွားနိုင်တယ်။ ထက်မြက်တဲ့ ကုသိုလ်စိတ်တစ်ခုစီင်္က ကုသိုလ်ကံမျိုးစေ့တစ်ခုကို ချန်ရစ်ခဲ့ပြီး ကုသိုလ်ကံမျိုးစေ့ တစ်ခုစီက ကောင်းမြတ်တဲ့ လူ့ဘ၀ သို့မဟုတ် နတ်ဘ၀တစ်ခုကို ဖြစ်ပေါ်စေနိုင်တယ်။ ဒါကြောင့် ဘာဝနာ ရှုပွားတဲ့ အကျိုးကျေးဇူးဟာ အလွန့်အလွန် ကြီးမားပါတယ်။ ဘာဝနာမရှုတဲ့အချိန်တွေမှာ ဘာစိတ်တွေ အဖြစ်များမယ်ထင် သလဲ။ အကုသိုလ်စိတ်တွေ အဖြစ်များလိမ့်မယ်။
“ပါပသ္မိံ ရမတေ မနော ” (ဓမ္မပဒပါဠိတော်)မနော၊ စိတ်မည်သည်။ ပါပသ္မိံ၊ မကောင်းရာ၌သာလျှင်။ ရမတေ၊ မွေ့လျော်၏တဲ့။
သွန်းလောင်းလိုက်တဲ့ ရေဟာ နိမ့်ရာဘက်သို့ စီးသွားမြဲ ဓမ္မတာအတိုင်း အထိန်းအကွပ်မရှိတဲ့စိတ်ဟာ မကောင်းမှုတွေမှာသာ လှည့်လည်ကျက်စားနေလေ့ရှိတယ်။
ဘာကြောင့်လဲ။
ဘာကြောင့်လဲ။
ပုထုဇဉ်သတ္တ၀ါတွေ သံသရာကျင်လည်နေကြတဲ့အခါမှာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေက စိတ်ကို အပိုင်စီးထား လို့ပါပဲ။ လောဘက ကာမဂုဏ်အာရုံတွေကို နှစ်သက်တော့ စိတ်ကို ကာမဂုဏ်အာရုံတွေမှာ ကျက်စားစေတယ်။ စိတ်ကို အလွတ် ထားလိုက်တာနဲ့ တစ်ပြိုင်နက် လောဘရဲ့ ခြယ်လှယ်မှုကြောင့် ရုပ်ရှင်ရုံ၊ လက်ဖက်ရည်ဆိုင်၊ အ၀တ်ကောင်း၊ အစားကောင်း စတဲ့ ကာမဂုဏ်အာရုံတွေအကြောင်းကို တွေးတောတော့တာပဲ။ ကာမဂုဏ် အာရုံတွေနဲ့ ဆုံတွေ့လို့  နှစ်သက်သဘောကျနေတဲ့ အခါမှာလည်း လောဘစိတ်တွေ ဖြစ်နေကြတာပဲ။ မကောင်းတဲ့ အာရုံ၊ အလိုမကျတဲ့ အာရုံတွေနဲ့ ဆုံတွေ့တဲ့အခါ စိတ်ဆိုးစိတ်ပျက် သွားတာက ဒေါသစိတ်ဖြစ်သွားလို့ပါပဲ။ တွေဝေ မေ့လျော့နေတဲ့အခါ၊ စိတ်ပျံ့လွင့်နေတဲ့အခါ များမှာတော့ မောဟစိတ်ဖြစ်တယ်။ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ် တို့က အကုသိုလ်စိတ်လို့ အမည်ရကြပါတယ်။ သည်စိတ်တွေက အကုသိုလ်ကံမျိုးစေ့ကို ချန်ရစ်ပြီး အပါယ်ဘ၀စတဲ့ မကောင်းကျိုးကို ပေးပါတယ်။ ဒါကြောင့် ဘာဝနာရှုပွားနေတဲ့ စက္ကန့်တိုင်းမှာ ကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော်ဖြစ်နိုင်သလို ဘာဝနာမပွား မရှုပွားပဲ မေ့လျော့နေတဲ့ စက္ကန့်တိုင်းမှာ အကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော် ဖြစ်ပွားနိုင်ပါတယ်။ ကုသိုလ်စိတ်တွေက အေးမြချမ်းသာပြီး အကုသိုလ်စိတ်က ပူလောင်ဆင်းရဲပါတယ်။ ကုသိုလ်ကံဟာ လူနတ်ဘ၀စတဲ့ သုဂတိအကျိုးကို ပေးပြီး အကုသိုလ်ကံကတော့ အပါယ်ဘ၀စတဲ့ ဒုဂ္ဂတိအကျိုးကို ပေးပါတယ်။ ကုသိုလ်နဲ့ အကုသိုလ်တို့ရဲ့ အကျိုးက မိုးနဲ့မြေ ထက်မကကွာဟနေကြသလို ဘာဝနာရှု ပွားခြင်းနဲ့ မေ့လျော့နေခြင်း တို့ကလည်း မိုးနဲ့မြေမက ကွာဟနေပေတယ်။ သည်လိုဆိုရင် ဘာဝနာမရှုပွားသင့်ဘူးလား လို့မေးစရာမလိုအောင်ပဲ အကျိုးပေး ကွာဟလွန်းလို့ ပွားများထိုက်ပါတယ်။အကျိုးအမြတ် များဆုံးအလုပ်လဲဖြစ်ပါတယ်။ အကျိုးအမြတ်များတဲ့ အလုပ်ကို လူတိုင်းလုပ်ချင်ကြပါတယ်။ ကျပ်တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း မြတ်မယ့်အလုပ်မျိုးဆိုရင် ဘယ်လောက်ပင်ပန်းပင်ပန်း၊ ဘယ်လောက်ပဲ စွန့်စားရ စွန်းစားရ လုပ်ကိုင် လိုကြပါတယ်။ အဲသည်အလုပ်တွေထက် ပိုအမြတ်များတဲ့ ဘာဝနာရှုပွားခြင်းကို တော့ အကျိုးအမြတ်များမှန်းမသိလို့ မရှုပွားလိုကြဘူး။ “ဝေဘူဆရာတော်ဘုရား” က တရားပွဲတစ်ပွဲမှာ လောကဥပမာနဲ့ ဘာဝနာအကျိုးကို သည်လို ညွှန်ပြ တော်မူပါတယ်။
“ဒကာကြီး- တရားပွဲပြီးလို့ ပြန်သွားတဲ့အခါမှာ လမ်းမှာ ငွေကျပ်တစ်ထောင်အထုပ်တစ်ထုပ်ကို မြင်ရင် ဘာလုပ်မလဲ”“ကောက်ယူမယ်ဘုရား”
“နောက် ကျပ်တစ်ထောင် အထုပ်တစ်ခု တွေ့ရင်ကော”
“ကောက်ယူဦးမယ်ဘုရား”
“နောက်တစ်ထုပ် တွေ့ပြန်ရင်ကော”
“ကောက်ယူဦးမှာပဲဘုရား”
“အဲသလို ကျပ်တစ်ထောင်အထုပ်တွေ ဒကာကြီး ဘယ်နှထုပ်လိုချင်သလဲ”
“ရသလောက် အများကြီးလိုချင်ပါတယ်”
“လိုချင်ရင် ဘုန်းကြီးနည်းပေးမယ်၊ ဒကာကြီး အိမ်ပြန်ရောက်ရင် ဘုရားစင်ရှေ့ထိုင်ပါ။ ဘုရားဂုဏ်တော်ကို အာရုံပြုပြီး ဦးချပါ။ တစ်ကြိမ်ဦးချရင် ကျပ်တစ်ထောင်ထုပ်တစ်ထုပ်ရပြီး။ နှစ်ကြိမ်ဦးချရင် နှစ်ထုပ်ရပြီး။ ဒကာကြီး အထုပ်တစ်ထောင်လိုချင်ရင် အကြိမ်တစ်ထောင်ဦးချပေါ့၊ မရပေဘူးလား”
“ရပါတယ်ဘုရား”ငွေနဲ ချိန်ထိုးပြလိုက်တော့ လွယ်လွယ်သဘောပေါက်သွားတယ်။ အမှန်က ဘုရားဂုဏ်တော်ကို အာရုံပြုပြီး တစ်ကြိမ်ဦးချနေတဲ့အချိန်မှာ မဟာကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော် ဖြစ်သွာလို့ ကုသိုလ်ကံမျိုးစေ့တွေလည်း ကုဋေ တစ်သိန်းကျော်ဖြစ်သွားတာပါပဲ။
“ဧကံစိတ္တံ ဧကံပဋိသန္ဓိံ ဒေတိ”“တစ်ခုသောစိတ်သည် တစ်ခုသော ပဋိသန္ဓေကိုပေး၏။”
ဆိုလိုတာက သရက်စေ့တစ်စေ့ကနေ သရက်ပင်တစ်ပင် ပေါက်လာသလို တမာစေ့တစ်စေ့ကနေ တမာပင် တစ်ပင်ပေါက်လာသလို ကုသိုလ်ကံမျိုးစေ့ တစ်ခုကနေပြိး လူ့ဘ၀ နတ်ဘ၀ဆိုတဲ့ သုဂတိဘ၀ တစ်ဘ၀ဖြစ်လာ နိုင်သလို အကုသိုလ်ကံမျိုးစေ့တစ်ခုကနေပြီး ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဆိုတဲ့ အပါယ်ဘ၀တစ်ဘ၀ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားကို တစ်ကြိမ်ရှိခိုးတဲ့အချိန်မှာ ကုသိုလ်ကံမျိုးစေ့ ကုဋေတစ်သိန်းကျော် ဖြစ်တာမို့ လောက ဥပမာ ငွေ ကျပ်တစ်ထောင်ထက် အဆပေါင်းကုဋေကုဋာမက ပိုတန်ဖိုးရှိတာပေါ့၊ ဘုရားဂုဏ်တော်များကို နှလုံးသွင်းပြီး ဘုရားရှိခိုးတာ “ဗုဒ္ဓါနုဿတိဘာဝနာ” ကို ခေတ္တပွားများတာပါပဲ။ တရားဂုဏ်တော်ကို နှလုံးသွင်းပြီး ရှိခိုးတာဟာ “ဓမ္မာနုဿတိဘာဝနာ”ကို
ခေတ္တပွားများတာပါပဲ။ သံဃာဂုဏ်တော်ကို နှလုံးသွင်းပြီး ရှိခိုးတာဟာ “သံဃာနုဿတိဘာဝနာ” ကို ခေတ္တပွားများတာပါပဲ။ သတ္တ၀ါများချမ်းသာပါစေလို့ မေတ္တာပို့လိုက်တာဟာ “မေတ္တာဘာဝနာ” ခေတ္တမျှ ပွားများလိုက်တပါပဲ။မြတ်စွာဘုရား ဟောကြားခဲ့ပါသည်။ မေတ္တာဈာန်ဝင်စားနိုင်မှ မေတ္တာအစွမ်းထက်မြက်တယ်၊ မေတ္တာဈာန်ဖြင့် နွားနို့တစ်ညှစ်စာ မေတ္တာပွားပို့လျှင် တစ်နေ့အိုး ၃၀၀ ဆွမ်းချက်လှူတာထက် ပိုအကျိုးအမြတ်ကြီးတယ်လို့ မိန့်ထားပါတယ်။မဟာစည်ဆရာတော် ဘုရားကြီးက ဤသို့ဖွဲ့ဆိုထားပါသည်-
“တစ်နေ့သုံးခါ အိုးတစ်ရာနှင့် ချက်ကာထမင်း၊ ပေးလှူခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း ”ခေတ္တပွားများတာပါပဲ။ သံဃာဂုဏ်တော်ကို နှလုံးသွင်းပြီး ရှိခိုးတာဟာ “သံဃာနုဿတိဘာဝနာ” ကို ခေတ္တပွားများတာပါပဲ။ သတ္တ၀ါများချမ်းသာပါစေလို့ မေတ္တာပို့လိုက်တာဟာ “မေတ္တာဘာဝနာ” ခေတ္တမျှ ပွားများလိုက်တပါပဲ။မြတ်စွာဘုရား ဟောကြားခဲ့ပါသည်။ မေတ္တာဈာန်ဝင်စားနိုင်မှ မေတ္တာအစွမ်းထက်မြက်တယ်၊ မေတ္တာဈာန်ဖြင့် နွားနို့တစ်ညှစ်စာ မေတ္တာပွားပို့လျှင် တစ်နေ့အိုး ၃၀၀ ဆွမ်းချက်လှူတာထက် ပိုအကျိုးအမြတ်ကြီးတယ်လို့ မိန့်ထားပါတယ်။မဟာစည်ဆရာတော် ဘုရားကြီးက ဤသို့ဖွဲ့ဆိုထားပါသည်-
တစ်ခဏကလေးမျှ ဘာဝနာပွားလိုက်ရင်ပဲ ငွေကျပ် ကုဋေပေါင်းများစွာ တန်ဖိုးရှိရင် ၁-နာရီ၊ ၂- နာရီ ဘာဝနာပွားများတဲ့အတွက် ရရှိမယ့် အကျိုးကျေးဇူးတွေဟာ ဘယ်တန်ဖိုးဖြတ်နိုင်ပါတော့မလဲ။ ဘာဝနာရှုပွားတဲ့အတွက် ငွေတစ်ပြားတစ်ချပ်မှလည်း ကုန်ကျစရာမလိုဘူး။ ဒါနပြုပြီးတော့ ကုသိုလ်ယူမယ်ဆိုရင်လဲ အဲဒီလှူဒါနရဲ့ ဂုဏ်ကို အဖန်ဖန်အောက်မေ့ ဆင်ခြင်နှလုံးသွင်း တာကို “စာဂနုဿတိဘာဝနာ” ပွားများတယ်လိုခေါ်ပါတယ်။ အဲသလို ပွားများတဲ့အတွက် စက္ကန့်တိုင်း စက္ကန့်တိုင်း မဟာကုသိုလ် စိတ်တွေ ကုဋေတစ်သိန်းကျော် ကုဋေတစ်သိန်းကျော် ထပ်ထပ် ဖြစ်သွားတယ်။ ဒါကြောင့် ဘာဝနာပွားများတာက ဒါန ပြုတာထက် အဆပေါင်းများစွာ ပိုအကျိုးကြီးမားပါတယ်။ မိမိစောင့်ထိန်းထားတဲ့ သီလကို ကျူးလွန်ဖို့ အခွင့်ကြုံလိုက်တဲ့ အခါရှောင်ကြဉ်လိုက်ခြင်းကို ဆိုပါတယ် ။ အဲသလို တစ်ကြိမ်တစ်ကြိမ် ရှောင်ကြဉ်ခိုက်မှာ ဖြစ်ပေါ်တဲ့ မဟာကုသိုလ်စိတ်လေးကို ပြန်လည်ပြီး အဖန်ဖန်ပွားများဆင်ခြင်နှလုံးသွင်း လိုက်မယ်ဆိုရင် “သီလနုဿတိဘာဝနာ” ရှုပွားတယ် လို့ ဆိုပါတယ်။ အဲသလို ရှုပွားနိုင်ရင် စက္ကန့်တိုင်း စက္ကန့်တိုင်း မဟာကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော် ကုဋေတစ်သိန်းကျော် ဖြစ်ဖြစ်နေတာမို့ အကျိုးအမြတ်ကြီးများတဲ့အတွက် ဘာဝနာကို ပွားများသင့်ပါတယ်။ ပြီးတော့ ဘာဝနာပွားများခြင်းသည် သီလစောင့်တာထက်လည်း အဆပေါင်းများစွာ ပိုအကျိုးကြီးမားပါတယ်။ ဒါကြောင့် “လောကမှာ အရင်းအနှီးစိုက်ထုတ်ဖို့ မလိုဘဲ အကျိုးအမြတ်အကြီးဆုံးအလုပ်က ဘာဝနာအလုပ်ပါပဲ”။ ဒါကြောင့် ဘာဝနာကို ပွားများသင့်ပါတယ်။ အသိပညာယှဉ်ပြီး လုပ်ဖို့သာလိုပါတယ်။ အချိန်မရွေး နေရာမရွေး လုပ်နိုင်တယ်။ လယ်ယာအလုပ်၊ အိမ်အလုပ်၊ ရုံးအလုပ်၊ ရောင်းဝယ်ရေးအလုပ်တွေ ၊ လျောင်း၊ ထိုင်၊ ရပ်၊ သွား အရိယပုဒ် ၄ ပါး တိုင်းမှာ ပွားများနိုင်တာမို့ ဘာဝနာကို ပွားများသင့်ပါတယ်။ ဘာဝနာ အလုပ်ကရတဲ့ အကျိုးအမြတ်ကို လက်ရှိတစ်ဘ၀သာမက ကုဋေကုဋာ ကမ္ဘာအနန္တ ဆက်လက်ခံစားသွားနိုင်ပါတယ်။ ဒါကြောင့် ဘာဝနာကို ပွားများသင့်ပါတယ်။စိတ်ရူးစိတ်မိုက်၊ စိတ်လေစိတ်လွင့်တို့ကို သီလ၊ ဘာဝနာတို့ နဲ့ ဆုံးမရပါတယ်။ သီလနဲ့ ဆုံးမရင် ဒုစရိုက်ကျူးလွန်ဝံ့တဲ့အထိ သောင်းကျန်းမိုက်မဲနေတဲ့ ကိလေသာတွေကို နှိမ်နင်းနိုင်တယ်။ ဘာဝနာနဲ့ ဆုံးမရင် နိုးကြားထကြွလာကြတဲ့ ပရိယုဋ္ဌာန ကိလေသာတွေကိုပါ ချိုးနှိမ်ထားနိုင်တယ်။
“အလွန်နှိမ်နင်းနိုင်ခဲသော လျင်မြန်စွာ ဖြစ်ချုပ်ခြင်းရှိထသော အလိုရှိရာ အာရုံ၌ ကျတတ်သော စိတ်ကို ယဉ်ကျေးအောင် ဆုံးမ ခြင်းသည် ကောင်းမြတ်လှ၏။ ဆုံးမပြီးသည်ဖြစ်၍ ယဉ်ကျေးသောစိတ်သည် မဂ်ဖိုလ်နိဗ္ဗာန်သုံးတန်သော ချမ်းသာကို ဆောင်တတ်၏”
(ဓမ္မပဒ၊ စိတ္တ၀ဂ်၊ ဂါထာ ၃၅ )“အလွန်နှိမ်နင်းနိုင်ခဲသော လျင်မြန်စွာ ဖြစ်ချုပ်ခြင်းရှိထသော အလိုရှိရာ အာရုံ၌ ကျတတ်သော စိတ်ကို ယဉ်ကျေးအောင် ဆုံးမ ခြင်းသည် ကောင်းမြတ်လှ၏။ ဆုံးမပြီးသည်ဖြစ်၍ ယဉ်ကျေးသောစိတ်သည် မဂ်ဖိုလ်နိဗ္ဗာန်သုံးတန်သော ချမ်းသာကို ဆောင်တတ်၏”
ယောစ၀ဿ သတံင်္ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ကောဟံဇီဝိတံသေယျော၊ သီလ၀န္တဿဈာယိနော။
“သီလသမာဓိ မရှိဘဲ အနှစ်တစ်ရာ ပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၀ိပဿနာကို ရှုနေသောသူ၏ တစ်ရက်မျှ အသက်ရှည်ခြင်းသည် မြတ်၏ ။ ”
Better than a hundred years of uncontrolled existence is one day of thoughful and meditative life.
“သီလသမာဓိ၊ မရှိချည်းနှီး၊ အသက်ကြီးလာ၊ နှစ်တစ်ရာထက်၊ တစ်ရက်တာမျှ၊ သမထနှင့် ၀ိပဿနာ၊ ဘာဝနာငွေ့၊ ပျော်မွေ့တတ် တစ်ရက်တာမျှ၊ သမထနှင့် ၀ိပဿနာ၊ ဘာဝနာငွေ့၊ ပျော်မွေ့တတ်သူ၊ မြတ်သောဟူ၏ ။ ” (သဟဿဝဂ်၊ သံကိစ္စသာမဏေရ၀တ္ထု)
၎င်း ၎င်း တို့ကြောင့်လဲ ဘာဝနာ၊ သမထ ၀ိပဿနာတို့ကို ပွားများအားထုတ်သင့်ပါသည်။ဒေါက်တာမင်းတင်မွန်၏ မြတ်ဘာဝနာ စာအုပ်မှ-
