Wednesday, February 25, 2009

ဒါနက နိဗ္ဗာန် အထိ အကျိုးပေးနိုင်သလား

ဒါနက ‘လွတ်လွတ်စွန့်ကြဲခြင်း’ လက္ခဏာ ရှိတယ်။ လှူဖွယ် ၀တ္ထုမှာ တပ်မက်တွယ်တာတဲ့ လောဘကို ဖျတ်ဆီးခြင်းကိစ္စရသ နှင့် အပြစ်ကင်းခြင်း သမ္ပတ္တိရသရှိတယ်။
‘လွတ်လွတ်စွန့်ကြဲခြင်း’ နှင့် ‘လှူဖွယ်ဝတ္ထုမှာ တပ်မက် တွယ်တာတဲ့ လောဘကို ဖျတ်ဆီးခြင်း’ ဆိုတာ အလောဘတရား ဖြစ်တယ်။ ‘ အပြစ်ကင်းခြင်း ’ ဆိုတာက အဒေါသတရား
ဖြစ်တယ်။ အလောဘက လောဘရဲ့ ဆန့်ကျင့်ဘက်၊ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဝတ္ထုကို မစွန့်လွတ်၊ မလှူဒါန်းနိုင်အောင် ငြိကပ် တပ်မက်နေတဲ့ သဘောက လောဘ၊ မပေးရက်နိုင်အောင်
နှမြောတွန့် တိုနေတဲ့ သဘောက မစ္ဆရိယ၊ ထိုလောဘနှင့် မစ္ဆရိယ တို့ကို အလောဘဖြင့် တွန်းလှန်ဖယ်ရှား နိုင်မှသာ လှူဒါန်းနိုင်တယ်။ လောဘက ကာမဂုဏ် အာရုံတို့ကို
တပ်မက်တွယ်တာတဲ့ အတွက် တဏှာလို့လည်း အမည်ရတယ်။ ထိုတဏှာက မိမိဘ၀ကိုလည်း တပ်မက်တွယ်တာတယ်။ ထိုတဏှာကြောင့် ဘ၀တစ်ခုပြီးတစ်ခုဖြစ်ကာ ၀ဋ်ဆင်းရဲမှာ
သံသရာ ကျင်လည်နေရတယ်။ ဘ၀သစ်ဖြစ်ခြင်း ဟာ ဒုက္ခသစ္စာအမည်ရတဲ့ လောကီနာမ်တရားနဲ့ ရုပ်တရားတို့ ဖြစ်ပေါ်ခြင်းသာ ဖြစ်တယ်။ ဒါကြောင့် လောဘဟာ ဆင်းရဲဒုက္ခကို
ဖြစ်ပွားစေတတ်တဲ့ သမုဒယသဘောရှိတယ်။ ဒီသမုဒယသဘော ဟာ အမှန်တရားတစ်ရပ်ဖြစ်ခြင်းကြောင့် သမုဒယသစ္စာမည်တယ်။

သို့အတွက် သံသရာကျင်လည်နေရခြင်းရဲ့ အဓိကအကြောင်းအရင်းက လောဘတဏှာပဲ ဖြစ်တယ်။ လောဘကို အမြစ်ပြတ်ပယ်သတ်နိုင်ရင် သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်
ချမ်းသာကို ထာဝရ ခံစားရလိမ့်မယ်။ နိဗ္ဗာန်သို့ ပို့ဆောင်တတ်တဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဆိုတာ လောဘကို ပယ်သတ်တဲ့ ကျင့်စဉ်ပဲ ဖြစ်ပါတယ်။ ၀ိပဿနာဘာဝနာရှုပွားတယ်ဆိုတာ
ရုပ်နာမ်တို့ရဲ့ အပြစ်ကို မြင်အောင်ရှုကာ ရုပ်နာမ်ကို ငြီးငွေ့ပြီး ရုပ်နာမ်ခန္ဓာအပေါ် တပ်မက်တွယ် တာ နေတဲ့ တဏှာလောဘကို ပယ်သတ်နိုင်အောင် ကြိုးစားအားထုတ်ရတဲ့
အလုပ်ဖြစ်တယ်။ ဒါနဆိုတာ မိမိပိုင်ဆိုင်တဲ့ ပြင်ပ၀တ္ထုပစ္စည်းများကို စွန့်လွတ်နိုင်ဖို့အတွက် ထိုပစ္စည်းဝတ္ထုတို့ကို တပ်မက်တွယ်တာနေတဲ့ တဏှာလောဘကို ချိုးနှိမ် ဖယ်ရှားရတဲ့
အလုပ်ဖြစ်တယ်။ တဖန် ဒါနက အပ၀တ္ထုပစ္စည်းများကို စွန့်လွတ်ခြင်း ဖြစ်တယ်။ နိဗ္ဗာန်က ရုပ်နာမ်ခန္ဓာကို စွန့်လွှတ်ခြင်း ဖြစ်တယ်။ အပ၀တ္ထုကလေးကိုမျှ မစွန့်လွတ်နိုင်ရင်
အသည်းနစ်အောင် ချစ်ခင်နေတဲ့ ရုပ်နာမ် ခန္ဓာကို ဘယ်လိုနည်းနဲ့မှာ စွန့်လွှတ်နိုင်မှာ မဟုတ်ဘူး။ ဒါန ၀ိုင်းကူ ပေးပါမှ ၀ိပဿနာ အလုပ်အောင်မြင်လိမ့်မယ်။ ဒါနမှာ
ဘာဝနာသဘောပါရှိသလို ဘာဝနာမှာ ဒါနသဘောပါရှိတယ်။ ထိုအတူပဲ ဒါနမှာ သီလသဘောပါဝင်ပြီး သီလမှာ ဒါန သဘောပါဝင်ပါတယ်။ ဒါနရဲ့ သမ္ပတ္တိရသဖြစ်တဲ့
“အပြစ်ကင်းခြင်းသဘော” ဟာ သီလသဘောပါပဲ။ ပြီးတော့ သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းဟာ သူ့အသက်ကို ပေးလှူခြင်း “ဇီဝိတဒါန” ဖြစ်ပါတယ်။
သူတစ်ပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးရဲ့ သားမယားကို ဖျတ်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးတို့ကို လိမ်လည်လှည့်စားခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဟာ သူတစ်ပါးတို့အား
ဘေးရန်ကင်းစွာ ကြောင့်ကြစိုးရိမ်မှုကင်းစွာ နေထိုင်နိုင်အောင် အကျိုးဆောင်ပေးရာ ရောက်လို့ “အဘယဒါန” အမည်ရတယ်။ ငါးပါးသီလကို “မဟာဒါန” လို့ခေါ်ပါတယ်။

ပေါင်းခြုံပြီးဆိုရရင် လောဘတဏှာကို ပယ်သတ်နိုင်အောင် ကုသိုလ်ကောင်းမှုပြုတိုင်း ဒါနသဘောလည်း ပါတယ်။ သီလသဘောလည်းပါတယ်။ ဘာဝနာသဘောလည်းပါတယ်။ ဒါန၊
သီလ၊ ဘာဝနာ တို့ကို ခွဲခွဲခြားခြားပြု၍မရ။ ဒါန၊ သီလ၊ ဘာဝနာ တို့ တစ်သားတည်း ပေါင်းစုနေမှ အားရှိတယ်။ သို့အတွက် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဖြင့် နိဗ္ဗာန်ကို
မျက်မှောက်ပြုနိုင်အောင် ကြိုးစားအားထုတ်ရာမှာ ဒါနသဘော၊ ဒါနစွမ်းအင်၊ ဒါနအရှိအ၀ါ တို့လည်း ပါဝင်နေတယ် လို့ မှတ်ယူရပေမယ်။ သတ္တ၀ါတို့ သံသရာကျင်လည်ရာမှာ ဒါနမပါရင်
သုဂတိဘ၀ကောင်းကို ရဖို့မလွယ်။ ရပြန်ရင်လည်းပစ္စည်းဥစ္စာပြည့်စုံဖို့မလွယ်၊ ပစ္စည်း ဥစ္စာမပြည့်စုံတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေရမှာမို့ ကုသိုလ်ရေးကို
မေ့လျော့နေတတ်တယ်။ မမေ့လျော့လို့ ကုသိုလ်ကောင်းမှု ပြုချင်ရင်လည်း စိတ်ရှိတိုင်းမလုပ်နိုင်။ “ အူမတောင့်မှ သီလစောင့်နိုင်တယ်” ဆိုတဲ့အတိုင်း မကြောင့်မကြ
မတောင့်မတနေနိုင်ပါမှ ဒါန သီလ ဘာဝနာ ကောင်းမှုတို့ကို အားရပါးရ လုပ်နိုင်ပေလိမ့်မယ်။

မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ၊ မဂ္ဂသာဝက နှင့် မဟာသာဝက များဟာ ဒါနနဲ့ စတင်ကာ ပါရမီ ဖြည့်ခဲ့ကြတယ်။ အရှင်မဟာမောဂ္ဂလာန် လောင်းလျာက လွန်ခဲ့တဲ့ တစ်သင်္ချေနှင့်
ကမ္ဘာတစ်သိန်းထက်က မနောမဒဿီ ဘုရားနှင့် သံဃာနှစ်သိန်းကို ၇ ရက်ပတ်လုံး ဆွမ်းသင်္ကန်းများ ပေးလှူပြီး လက်ဝဲရံ အဂ္ဂသာဝက ဆုထူးကို ပန်ဆင်ကာဗျာဒိတ်ခံယူခဲ့ရတယ်။
ခေမာထေရီ လောင်းလျာနှင့် ဥပလ္လ၀ဏ်ထေရီ လောင်းလျာတို့ကလည်း ကမ္ဘာတစ်သိန်းထက်က ပဒုမ္မတ္တရမြတ်စွာဘုရားနှင့် သံဃာများကို ဆွမ်း အကြီးအကျယ် လှူဒါန်းပြီး ဘုရားရှင်ရဲ့
လက်ယာရံ၊ လက်ဝဲရံ အဂ္ဂသာဝိကာဆုထူးတို့ကို အသီးသီးပန်ဆင်ခဲ့ကြတယ်။ ဒီဒါနကုသိုလ်ကံတို့ရဲ့ အကြောင်း အထောက်အပံ့နဲ့ ဂေါတမ မြတ်စွာဘုရားလက်ထက်မှာ တရားနာရုံမျှနှင့်
သောတာပန် ဖြစ်ပြီး တရားရှုပွားတဲ့အခါမှာလည်း လွယ်လွယ်ကူကူနဲ့ ရဟန္တာ၊ ရဟန္တာထေရီများ ဖြစ်သွားကြပါတယ်။ ဒါနမဟပ္ပလသုတ် မှာ သမထ၀ိပဿနာစိတ်ရဲ့
အဆင်တန်ဆာဖြစ်အောင် အခြံအရံဖြစ်အောင် အထောက်အပံ့ဖြစ်အောင် ရုပ်နာမ် ခန္ဓာကို မငဲ့ကွက်ဘဲ ပေးလှူရင် အဲဒီအလှူဒါနဟာ ဘုံအားဖြင့် ဗြဟ္မာဘုံမအထိ ပုဂ္ဂိုလ်အားဖြင့်
အနာဂါမ်အထိ အကျိုးပေးနိုင်ကြောင်း မြတ်စွာဘုရားဟောထားပါတယ်။

ဒါနံ ဥဇုဂတံ မဂ္ဂံ

ဒါနဟာ နိဗ္ဗာန်သို့ ဖြောင့်ဖြောင့်သွားနိုင်တဲ့ ခရီလမ်းမှန်ဖြစ်တယ်။

ဒါနံ မောက္ခ ပဒံ ၀ရံ

ဒါနဟာ မဂ်ဖိုလ်နိဗ္ဗာန်၏ အကြောင်းစစ်အကြောင်းမှန်လည်း ဖြစ်တယ်။

ဤသို့ ဟောတော်မှုခဲ့တာနဲ့အညီ ဒါနဟာ နိဗ္ဗာန်အထိ အကျိုးပေးကြောင်း အလွန်ထင်ရှားပါတယ်။
မှတ်ချက်။ဒေါက်တာမင်းတင်မွန်၏ “အကောင်းဆုံးဘ၀လမ်းညွှန်မှု”စာအုပ်မှ ကူးယူထားပါသည်။


အပြည့်အစုံသို့...

အလှူခံပုဂ္ဂိုလ်(၁၄)ဦး

-တိရစ္ဆာန် (အကျိုး ဘ၀ (၁၀၀)ပေးနိုင်သည်။)
-သီလမရှိသောလူမိုက် (အကျိုးဘ၀ပေါင်း(၁၀၀၀)ပေးနိုင်ပါသည်။)
-သီလရှိသောသူတော်ကောင်း (အကျိုးပေးဘ၀ပေါင်း(၁၀၀၀၀)ပေးနိုင်ပါသည်။)
-သာသနပကာလမှာ ကိလေသာကင်းစင်အောင်၊ ဈန်ရအောင်ကျင့်ထားသော ရသေ့(သူတော်စဉ်) (အကျိုးပေး ဘ၀ပေါင်း ကုဋ္ဋေတစ်သိန်းပေးနိုင်ပါသည်။
-အရိယာပုဂ္ဂိုလ် (၈) ယောက် (ထိုသူတို့အားအလှူဒါနပြုမိ၍ရသောအကျိုးကား ဘုရားရှင်ပင်မရေတွက်နိုင်လောက်အောင်အကျိုးထူးပေးပါသည်။)
-ပစ္စေကဗုဒ္ဓါ(ဘုရားငယ်)



-ပစ္စေကဗုဒ္ဓါ(ဘုရားငယ်)
-မြတ်စွာဘုရား
ဟူ၍အလှူခံပုဂ္ဂိုလ်(၁၄)ဦးရှိပါသည်။

အလှူခံပုဂ္ဂိုလ်၏သီလ၊သမာဓိ၊ပညာ ကြီးမားလေ အကျိုးသန်ဖြစ်ပါသည်။ သို့သော် စေတနာမပါက အကျိုးပေးသန်မည်မဟုတ်ချေ။ အဓိကသည်စေတနာပင် ဖြစ်ပါသည်။ စေတနာကို ကံ ဟုလည်းမည်ပါသည်။ကံကောင်းစေချင်ရင် စေတနာကောင်းလေး တွေထားနိုင်ကြပါစေ။ စေတနာခြင်းတူလျင် အလှူခံပုဂ္ဂိုလ်၏သီလ၊ သမာဓိ၊ ပညာ ကြီးမား မှုအဆင့်အကျိုးပေးကွာပါသည်။ စေတနာတူ၊ အလှူခံပုဂ္ဂိုလ်၏ အကျင့်သီလတူညီနေပါက အလှူပစ္စည်း၏ သန့်ရှင်းမှု ကောင်းမွန်မှု နှင့် အကျိုးပေးကွာခြားနိုင်ပါသည်။ မြတ်စွာဘုရား ဟောကြားထားသည်မှာ လိုအပ်နေသောသူကို အလှူပေးခြင်းကို ဘုရားရှင်မြတ်နိုးပါသည်။ ရည်းစူးပြီးသားအလှူအတွက်ရွေးပြောင်းလှူခြင်းငှာ မပြုကောင်းပေ။ အလှူခံသူအတွက် များစွာအပြစ်များပါသည်။ ထိုကြောင့် မိမိလှူဒါန်းမည်အလှူပစ္စည်းကို ယခင်ရည်းစူးထားပြီး ပြောင်းရွေ့၍ အလှူခံပုဂ္ဂိုလ်ရွေးနေမည်ဆိုလျင် အကျိုးပေးနှံခြားမည်ပင်ဖြစ်ပါသည်။



အပြည့်အစုံသို့...

ဒါနပြုရာ၌…

(၁) ဒါယကာတစ်ယောက်သည် မိမိချည်းသာလှူ၊ သူတစ်ပါးတို့အား မတိုက်တွန်း၊ ထိုသူမျိုး ဖြစ်လေရာဘ၀တိုင်း၌ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ၏။ အခြံအရံကားမရှိ။
(၂) ဒါယကာတစ်ယောက်သည် မိမိကိုယ်တိုင် ပေးလှူခြင်းမရှိ ၊ သူတစ်ပါးတို့အားပေးလှူရန်တိုက်တွန်း၊ ထိုသူမျိုး ဖြစ်လေရာဘ၀တိုင်း၌ မိမိမူ စည်းစိမ်ချမ်းသာနှင့် မပြည့်စုံ။ အခြံအရံကားပေါ၏။
(၃) ဒါယကာတစ်ယောက်သည် မိမိကိုယ်တိုင်လည်း ပေးလှူခြင်းမရှိ၊ သူတစ်ပါးတို့အားလည်း မတိုက်တွန်း မနှိုးဆော် ၊ ထိုသူမျိုး ဖြစ်လေရာဘ၀တိုင်း၌ မိမိလည်းမချမ်းသာ ။ အခြံအရံလည်းမရှိ။
(၄) ဒါယကာတစ်ယောက်သည် မိမိကိုယ်တိုင်လည်းလှူ၊ သူတစ်ပါးတို့အားလည်း နှိုးဆော်၊ ထိုသူမျိုး ဖြစ်လေရာဘ၀တိုင်း၌ မိမိလည်း စည်းစိမ်ချမ်းသာရှိ၊ အခြံအရံလည်း ပေါကြွယ်ဝ၏။
(ဓမ္မပဒ)

အပြည့်အစုံသို့...

ဗုဒ္ဓအလိုကျဒါနပြုနည်း…..

မြတ်စွာဘုရားလောင်းသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်းဝယ် ဒါနပါရမီတော်ကို ဖြည့်ကျင့်သည်အခါ သပ္ပုရိသဒါနသုတ်လာ မူ (၅) ချက်နှင့် အညီ ပါနပါရမီကို ဖြည့်ကျင့်ခဲ့သည့်အတွက် ထူးထူးခြားခြား ဒါန၏ အကျိုးများကို ရရှိခဲ့ခြင်းဖြစ်ပေသည်။ ဘုရားအလောင်းနှင့် သူတော်ကောင်းတို့ ဒါနပြုရာ တွင် ကျင့်သုံးခဲ့သည့် သပ္ပုရိသဒါနသုတ်လာ ဒါနမူ (၅) ချက် မှာ-
(၁) သဒ္ဓါဒါန = ရတနာသုံးပါ၏ဂုဏ်၊ ကံ-ကံ၏အကျိုး၊ ဤနှစ်မျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း။
(၂) သက္ကစ္စဒါန = လှူဖွယ်ဝတ္ထုကို သပ်သပ်ရပ်ရပ် မွန်မြတ်အောင် ပြုလုပ်၍ အလှူခံပုဂ္ဂိုလ်ကို ရိုသေလျက်လှူခြင်း
(၃) ကာလဒါန = အချိန်အခါနှင့်သင့်လျော်အောင် လှူဒါန်းခြင်း(၄) အနဂ္ဂဟိတဒါန= အလှူဖွယ်ဝတ္ထုအပေါ် မတွယ်တာ မကပ်ငြိဘဲ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်ထားဖြင့် လွတ်လွတ်စွန့်ကြဲလှူဒါန်းခြင်း။
(၅) အနုပဟစ္စဒါန = မိမိ သူတစ်ပါး မည်သူအားမျှ ဂုဏ်မပျက်ပြားအောင် မထိပါးစေဘဲ လှူဒါန်းခြင်း။
တိပိဋကဓရဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ သည် သပ္ပုရိသဒါနမူ (၅) ချက်ကို ဤသို့ လင်္ကာသီ ကုံးပေးတော်မူခဲ့သည်။
သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊
အခါကိုသိ၊ မစွန်းငြိဘဲ၊
မထိမပါး လှူတုံငြား၊
ငါးပါးသပ္ပုရိသ မြတ်ဒါန။
ဤမူ (၅) ချက်နှင့်အညီ ပေးလှူသည့် စေတနာသည် လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ရရှိစေသည်။

အပြည့်အစုံသို့...

 
Template design by Amanda @ Blogger Buster