မြတ်စွာဘုရားလောင်းသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်းဝယ် ဒါနပါရမီတော်ကို ဖြည့်ကျင့်သည်အခါ သပ္ပုရိသဒါနသုတ်လာ မူ (၅) ချက်နှင့် အညီ ပါနပါရမီကို ဖြည့်ကျင့်ခဲ့သည့်အတွက် ထူးထူးခြားခြား ဒါန၏ အကျိုးများကို ရရှိခဲ့ခြင်းဖြစ်ပေသည်။ ဘုရားအလောင်းနှင့် သူတော်ကောင်းတို့ ဒါနပြုရာ တွင် ကျင့်သုံးခဲ့သည့် သပ္ပုရိသဒါနသုတ်လာ ဒါနမူ (၅) ချက် မှာ-
(၁) သဒ္ဓါဒါန = ရတနာသုံးပါ၏ဂုဏ်၊ ကံ-ကံ၏အကျိုး၊ ဤနှစ်မျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း။(၂) သက္ကစ္စဒါန = လှူဖွယ်ဝတ္ထုကို သပ်သပ်ရပ်ရပ် မွန်မြတ်အောင် ပြုလုပ်၍ အလှူခံပုဂ္ဂိုလ်ကို ရိုသေလျက်လှူခြင်း
(၃) ကာလဒါန = အချိန်အခါနှင့်သင့်လျော်အောင် လှူဒါန်းခြင်း(၄) အနဂ္ဂဟိတဒါန= အလှူဖွယ်ဝတ္ထုအပေါ် မတွယ်တာ မကပ်ငြိဘဲ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်ထားဖြင့် လွတ်လွတ်စွန့်ကြဲလှူဒါန်းခြင်း။
(၅) အနုပဟစ္စဒါန = မိမိ သူတစ်ပါး မည်သူအားမျှ ဂုဏ်မပျက်ပြားအောင် မထိပါးစေဘဲ လှူဒါန်းခြင်း။
တိပိဋကဓရဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ သည် သပ္ပုရိသဒါနမူ (၅) ချက်ကို ဤသို့ လင်္ကာသီ ကုံးပေးတော်မူခဲ့သည်။
သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊
အခါကိုသိ၊ မစွန်းငြိဘဲ၊
မထိမပါး လှူတုံငြား၊
ငါးပါးသပ္ပုရိသ မြတ်ဒါန။
ဤမူ (၅) ချက်နှင့်အညီ ပေးလှူသည့် စေတနာသည် လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ရရှိစေသည်။

0 comments:
Post a Comment