ငါးပါးသီလဟာ အလွန်မြင့်မြတ်ပြီး အထူးအလေးအမြတ်ထား ကျင့်ခြင်းကြောင့် ဂရုဓမ္မသီလ လို့ခေါ်ပါတယ်။ အမြဲတမ်း လုံလုံခြုံခြုံနဲ့ မကျိုးမပေါက်အောင် စောင့်ထိန်းသောကြောင့် နိစ္စသီလ ဟုခေါ်ပါသည်။ ငါးပါး သီလကို အထူးအလေးမြတ်လဲ ထားမယ်၊ လုံလုံခြုံခြုံနဲ့ အမြဲတမ်းစောင့်တည် မယ်ဆိုရင် အဲဒါကို ဂရုဓမ္မနိစ္စသီလ လိုခေါ်နိုင်ပါတယ်။ ငါးပါးသီလကို စောင့်ထိန်း ရုံနဲ့ ဒုစရိုက် (၁၀)ပါး ကို ရှောင်ကြဉ်ပြီး တဲ့အပြင် သုစရိုက်တရားဖြစ်တဲ့ ပုညကိရိယာ(၁၀)ပါးကို ဖြည့်ကျင့်ရာ ရောက်သွားပါ့မယ်။
ထို့အပြင် လောဘ, ဒေါသ, မောဟ ဦးဆောင်တဲ့ ကိလေသာ (စိတ်အညစ်အကြေး) တွေ မဖြစ်ပေါ်အောင် သို့မဟုတ် အားမကြီးအောင် စောင့်ထိန်းရာရောက်လို့ စိတ်ဖြူစင်အောင် စောင့်ထိန်းရာလည်း ရောက်ပါတယ်။
ထို့အပြင် လောဘ, ဒေါသ, မောဟ ဦးဆောင်တဲ့ ကိလေသာ (စိတ်အညစ်အကြေး) တွေ မဖြစ်ပေါ်အောင် သို့မဟုတ် အားမကြီးအောင် စောင့်ထိန်းရာရောက်လို့ စိတ်ဖြူစင်အောင် စောင့်ထိန်းရာလည်း ရောက်ပါတယ်။
ငါးပါးသီလ စောင့်ထိန်းတာ ကိုယ်အပြုအမူနဲ့ နှုတ်အပြောအဆိုတို့ အပြစ်ကင်းအေင် သူတစ်ပါးကို မထိခိုက်အောင် ကိုယ်ချင်း စာတရား၊ မေတ္တာတရား လက်ကိုင်ထားပြီး စောင့်ထိန်းရလို့ ငါးပါးသီလဟာ အကောင်းဆုံး အယဉ်ကျေးဆုံး ကိုယ်ကျင့်တရား ဖြစ်ပါတယ်။ သတ္တ၀ါအနန္တတို့ကို ဘေးမရှိအောင် ရန်မရှိအောင် ကြောင့်ကြ စိုးရိမ်မှု မရှိအောင် ချမ်းသာပျော်ရွှင်စွာ နေနိုင်အောင် အကျိုးဆောင်ပေးရာရောက်လို့ ငါးပါးသီလကို မဟာဒါန လို့လည်း ခေါ်နိုင်ပါတယ်။
- အလုံးစုံသော သတ္တ၀ါတို့ဟာ ဒက်ဘေးမှ ထိန်းလန့်ကြတယ်၊ မိမိတို့ရဲ့ အသက်ကို ချစ်မြတ်နိုးပြီး သေရာမှာကို ကြောက်ရွံ့ကြတယ်။ မိမိကိုယ်ကို ဥပမာပြုပြီး သတ္တ၀ါတို့ကို မသတ်ဖြတ် မညှဉ်းဆဲထိုက်ဘူး။ (ဓမ္မပဒ ၁၂၉-၁၃၀)- အကြင်သူဟာ မိမိချမ်းသာကို ရှာမယ်ဆိုပြီး မိမိလို ချမ်းသာအလိုရှိကြတဲ့ သတ္တ၀ါတို့ကို ညှဉ်းပန်း သတ်ဖြတ်တယ်။ ထိုသူဟာ တမလွန်ဘ၀မှာ ချမ်းသာကို မရနိုင်ဘူး။ (ဓမ္မပဒ ၁၃၁)
- မကောင်းမှုပြုသူဟာ ဒီဘမှာလည်း စိုးရိမ်ပူပန်ရတယ်။ တမလွန်ဘ၀မှာလည်း စိုးရိမ်ပူပန်ရတယ်။ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်ခု လုံးမှာ စိုးရိမ်ပူပန်ရတယ်။ “ ငါဟာ မကောင်းမှုပြုမိပြီး” လို့ သိပြီး စိုးရိမ်ပူပန်ရတယ်။ ဒုဂ္ဂတိဘုံ (အပါယ်ဘုံ) ဘ၀သို့ ရောက်တဲ့ အခါ အလွန်စိုးရိမ် ပူပန် ရလိမ့်မယ်။ (ဓမ္မပဒ ၁၅၊ ၁၇ )
-ကောင်းမှုပြုသူဟာ ဒီဘ၀မှာလည်း ၀မ်းမြောက် နှစ်သက်ရတယ် ၊ တမလွန် ဘ၀ မှာလည်း ၀မ်းမြောက် နှစ်သက်ရတယ်။ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်လုံးမှာ ၀မ်းမြောက် နှစ်သက်ရတယ်၊ “ငါဟာ ကောင်းမှုကို ပြုခဲ့ပြီး” လို့ သိပြီး ၀မ်းမြောက်နှစ်သက် ရတယ်။ သုဂတိဘုံ သို့ ရောက်တဲ့အခါ အလွန်နှစ်သက်ရပါတယ်။
(ဓမ္မပဒ ၁၈)
ငါးပါးသီလ စောင့်ထိန်းခြင်းဟာ “ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကို ထား ” ဆိုတဲ့ လမ်းညွှန်ချက်အတိုင်း ကျင့်ကြံနေထိုင်ခြင်းဖြစ်ပါတယ်။

0 comments:
Post a Comment