(၁) အာရာမရောပ ဒါန = ပန်းဥယျာဉ် ၊ သစ်သီး ဥယျာဉ် များကို လှူဒါန်းခြင်း။
(၂) ၀နရောပ ဒါန = အရိပ်ကောင်းသော သစ်ပင်များကို စိုက်ပျိုးလှူဒါန်းခြင်း။
(၃) သေတုကာရက ဒါန = တံတားခင်၍ လှူဒါန်းခြင်း။
(၄) ပပါ ဒါန = ရေအိုးစင်တည်၍ လှူဒါန်းခြင်း။
(၅)ဥဒပါန ဒါန = ရေတွင်း၊ ရေကန်တူး၍ လှူဒါန်းခြင်း။
(၆) ဥပဿဒါန = ဇရပ်၊ တန်ဆောင်း၊ ကျောင်း၊ ပြာသာဒ် လှူဒါန်းခြင်း။
ဤ ဒါန (၆) ပါး အနက် တစ်မျိုးမျိုး ကို လှူဒါန်းသူသည် နေ့ရော ညဉ့်ပါ အခါခပ်သိမ်း ကုသိုလ် တရားပွားများ၏။ သောလွန်သောအခါ နတ်ပြည်သို့ လားရောက်ရ၏။
သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံး နေတော်မူစဉ် ညဉ့်သန်းခေါင်ယံ အချိန်ဝယ် နတ်သားတစ်ပါး မေးလျှောက်၏။
အရှင်ဂေါတမ.. အဘယ်သူတို့အား နေ့ရော ညဉ့်ပါ အခါခပ်သိမ်း ကောင်းမှုတိုးပွားပါသနည်း၊ အဘယ်သူတို့သည် တရား၌ တည်ကုန်ပါသနည်း၊ အဘယ်သူတို့သည် သီလနှင့်ပြည့်စုံပါကုန်သနည်း၊ အဘယ်သူတို့သည် နတ်ပြည်သို့ သွားကြရပါကုန်သနည်း
အို…နတ်သား၊ အကြင်သူတို့သည် သစ်သီးဥယျာဉ်၊ ပန်းဥယျာဉ်၊ အရိပ်ကောင်းသော သစ်ပင်များကို စိုက်ပျိုးလှူဒါန်းကြကုန်၏။ တံတားခင်းကြကုန်၏၊ ရေအိုးစင် တည်ခင်ကြကုန်၏၊ ရေတွင်း ရေကန်နှင့် နေရာကောင်းတို့ကို လှူဒါန်းကြကုန်၏။ ထိုသူတို့အား နေ့ရောညဉ့်ပါ အခါခပ်သိမ်း ကောင်းမှုတိုးပွား၏။ ထိုသူတို့သည်တရား၌ တည်ကုန်၏။အလေ့အထ စာရိတ္တ သီလနှင့် ပြည့်စုံကုန်၏။ ထိုသူတို့ သေလွန်သော် နတ်ပြည်သို့ သွားကုန်၏
ဟု မြတ်စွာဘုရား ဖြေကြားတော်မူ၏။
(သံ၊ ၁။ ၃၀-၃၁။ သံ၊ ဋ္ဌ၊ ၁။ ၈၃ )အရှင်ဂေါတမ.. အဘယ်သူတို့အား နေ့ရော ညဉ့်ပါ အခါခပ်သိမ်း ကောင်းမှုတိုးပွားပါသနည်း၊ အဘယ်သူတို့သည် တရား၌ တည်ကုန်ပါသနည်း၊ အဘယ်သူတို့သည် သီလနှင့်ပြည့်စုံပါကုန်သနည်း၊ အဘယ်သူတို့သည် နတ်ပြည်သို့ သွားကြရပါကုန်သနည်း
အို…နတ်သား၊ အကြင်သူတို့သည် သစ်သီးဥယျာဉ်၊ ပန်းဥယျာဉ်၊ အရိပ်ကောင်းသော သစ်ပင်များကို စိုက်ပျိုးလှူဒါန်းကြကုန်၏။ တံတားခင်းကြကုန်၏၊ ရေအိုးစင် တည်ခင်ကြကုန်၏၊ ရေတွင်း ရေကန်နှင့် နေရာကောင်းတို့ကို လှူဒါန်းကြကုန်၏။ ထိုသူတို့အား နေ့ရောညဉ့်ပါ အခါခပ်သိမ်း ကောင်းမှုတိုးပွား၏။ ထိုသူတို့သည်တရား၌ တည်ကုန်၏။အလေ့အထ စာရိတ္တ သီလနှင့် ပြည့်စုံကုန်၏။ ထိုသူတို့ သေလွန်သော် နတ်ပြည်သို့ သွားကုန်၏
ဟု မြတ်စွာဘုရား ဖြေကြားတော်မူ၏။

0 comments:
Post a Comment